စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ Ade Chandra

သမီးနဲ့ဖေဖေ

ကျွန်ုပ်၏မိတ်ဆွေတစ်ဦးသည် သူ့အိမ် နောက်ဖေး၌ ကျောက်တုံးစီ၍ လမ်းခင်းရာ တစ်နေ ကုန်ခဲ့သည်။ သူ၏ ၅ နှစ် အရွယ် သမီးလေးက ‘ကူညီပါရစေ’ဟု ခွင့်တောင်းရာ၊ သူက “ဖေဖေ အလုပ်လုပ်တဲ့အခါမှာ အားရှိဖို့ သီချင်းလေးပဲဆိုပေးပါ၊ သမီးရယ်”ဟုပြောသော်လည်း သူက အတင်းပင် ကူညီချင်နေသည်။ ထို့ကြောင့် သူက သမီး အန္တရာယ် မဖြစ်အောင် ဂရုစိုက်ပြီး ကျောက်တုံးပေါ် သမီးလက်ကိုတင်စေပြီး အတူသယ်ကြသည်။
သမီးသာမပါလျှင် အချိန်တိုအတွင်း အလုပ်ပြီးသွားမည်ပင်။ သို့နှင့် တစ်နေကုန်၍ ညနေ ရောက်မှ အလုပ်ပြီးသည်သာမက သမီးလေးကလည်း ဂုဏ်ယူဝင့်ကြွားနေသည်။ ညစာစားချိန်တွင် သမီးက “သမီးနဲ့ဖေဖေအတူတူ ကျောက်တုံးစီခဲ့ပါတယ်”ဟု ဝမ်းသာအားရ ပြောသည်။
အစကတည်းကပင် ဘုရားသခင်သည် သူ့အလုပ်တိုးတက်ဖြစ်မြောက်ရန်အတွက် လူတို့အပေါ်စိတ်ချယုံကြည်မှု၊ အားကိုးမှုရှိသည်။ အာဒံကို ဖန်ဆင်းပြီးနောက် မြေကြီးကို ထိန်းသိမ်းပြီး သတ္တဝါများကိုကြီးကြပ်ရန် ဘုရားသခင်သည် ဧဒင်ဥယျာဉ်ကြီး၏…

ဘက်လိုက်ခြင်း မရှိတော့ပါ

နယူးစ်ဝိခ် မဂ္ဂဇင်း၏ ၂၀၁၀ ခုနှစ် လေ့လာဆန်းစစ်ချက်တွင် စိတ်ဝင်စားဖွယ် ကိန်းဂဏန်း များပါရှိသည်။ ဝန်ထမ်းခေါ်ယူမည့် မန်နေဂျာ ၅၇% က အရည်အချင်းရှိသော်လည်း ဆွဲဆောင်မှု မရှိသည့် အလုပ်လျှောက်သူများသည် အလုပ်ရရန် ပိုခက်ခဲသည်ဟု ယုံကြည်ကြသည်။ မန်နေဂျာ ၈၄% က အရည်အချင်းရှိပြီး အသက်ကြီးသူများကို အလုပ်ခန့်ရန် အလုပ်ရှင်များ ချီတုံချတုံဖြစ်သည်ဟု ယုံကြည်ကြသည်။ မန်နေဂျာ ၆၄% က ကုမ္ပဏီများသည် အပြင်ပန်းရုပ်ရည်ကိုကြည့်ပြီး အလုပ်ခန့်သင့်သည်ဟု ယူဆကြသည်။ ဤဥပမာက အလွန်ရိုးရှင်း သော လက်သင့်မခံနိုင်သည့် ဘက်လိုက်မှု၊ မတရားမှုပင်။
၎င်းသည် အသစ်အဆန်းတော့ မဟုတ်ပါ။ ရှေးကနဦးအသင်းတော်ခေတ်ကပင် ရှိနှင့်ခဲ့ပြီး ရှင်ယာကုပ်က ၎င်းကို ထိပ်တိုက်ဖြေရှင်းခဲ့သည်။ သူသည် အမြော်အမြင်နှင့် ကြိုတင်မြင်ပြီး သင်းအုပ်၏ရဲရင့်နှလုံးသားဖြင့် “ငါ့ညီအစ်ကိုတို့၊ ဘုန်းကြီးတော်မူသော ငါတို့ သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းအမှုများမှာ လူမျက်နှာကို ထောက်ခြင်းမရှိကြနှင့်”ဟု…

တစ်ခဏတာ စိတ်ပျော်ရွှင်စေမှု

၁၉၇၂ ခုနှစ်တွင် ဓာတ်ပုံချက်ခြင်း ထွက်သည့် ပိုလာရစ် SX 70 ကင်မရာကို စတင် ရောင်းချရာ ဓာတ်ပုံလောကကြီး လုံးဝပြောင်းလဲ သွားသည်။ ‘စမစ် ဆိုးနီးယား’ မဂ္ဂဇင်း၌ သတင်းထောက် အိုဝင် အက်ဒွက်က “ထိုကင်မရာ သည် ရူပဗေဒသဘောတရား၊ မှန်အယူအဆနှင့် လျှပ်စစ်စွမ်းအားတို့ပေါင်းစပ်ထားသော အံ့ဖွယ်ရာ” ဟု ရေးသားဖော်ပြခဲ့သည်။ ဓာတ်ပုံရိုက်လိုက်စဉ် ကင်မရာရှေ့မှ အမဲရောင် လေးထောင့်ကတ်လေး ထွက်လာပြီး၊ မျက်စိ ရှေ့မှောက်သို့ ရိုက်ထားသော ဓာတ်ပုံရောက်လာသည်။ မြန်မြန်ဆန်ဆန်ချက်ခြင်း ဓာတ်ပုံရသည့်အတွက် လူတို့ အလွန်သဘောကျ နှစ်ခြိုက်ခဲ့သည်။
တစ်စုံတစ်ရာကို ချက်ခြင်းလိုချင်သည့်စိတ်နှင့် တပ်မက်သော ရမက်စိတ်တို့သည် အခိုင်အမာဆက်စပ်နေကြောင်း ဆရာကြီး အော့စ်ဝဲ ချိန်းဘားစ် က သုံးသပ်ခဲ့သည်။ ရိုးရှင်းစွာပြောရမည်ဆိုလျှင် “လိုချင်တပ်မက်ခြင်းဆိုသည်မှာ ‘ငါဒီအရာကို ချက်ခြင်းပိုင်ဆိုင်ရမယ်’ ဆိုသည့် အဓိပ္ပာယ်ပင်။ ခန္ဓာ၏တောင့်တမှုဆန္ဒဖြစ်စေ၊ ဝိညာဉ်အကျိုးခံစားလိုခြင်း ဖြစ်စေ…

လူတိုင်းအတွက်ယေရှုမေတ္တာ

သီချင်းတစ်ပုဒ်ကို တစ်ရက်ထဲတွင် သုံးကြိမ်ကြားရခြင်းမှာ ဖြစ်တောင့်ဖြစ်ခဲပါ။ နေ့လည် အစောပိုင်းတွင် ဘိုးဘွားရိပ်သာ၌ ဓမ္မသီချင်းဖြင့် သီဆိုဝတ်ပြုစည်းဝေးခြင်းသို့ ကျွန်မ တက်ရောက်ခဲ့ရာ၊ ဝတ်ပြုခြင်းအဆုံး၌ ရိပ်သာမှ ဖွားဖွားဝီလီက “ယေရှုငါ့ကိုချစ်ပေ၏” ဆိုတဲ့သီချင်းကို ကျွန်မနဲ့ အတူ လိုက်ဆိုပါ။”ဟု ဖိတ်ခေါ်ပြီး ဆုတောင်းခြင်း ဖြင့် အဆုံးသတ်ခဲ့သည်။
ညနေပိုင်း လူငယ်မိသဟာရ အစီအစဉ်တွင်လည်း ထိုသီချင်းကို စည်းချက်နှင့်အညီ လက် ခုပ်တီးလျက်ချီးမွမ်းခဲ့ရသည်။ ညနေစောင်းချိန်တွင် ကျွန်မ၏ ၂နှစ်ခွဲအရွယ်မြေးမလေးက “အားနည်း သူငယ်များပိုင်ပေ၊ ကိုယ်တော်မြတ်စွမ်းကြီးမူလေ” ဟူ၍ သီဆိုသံကို ဖုန်းမှတဆင့် ကြားရပြန်သည်။ ထိုသီချင်းကို အသက်ကိုးဆယ်အရွယ်ဘိုးဘွားများ၊ ဆယ်ကျော်သက်များနှင့် ကလေးငယ် အားလုံးတို့ သီဆိုခဲ့ကြသည်။              ထိုသီချင်းကို သုံးကြိမ်ကြားရပြီးနောက် ကိုယ်တော်သည် ကျွန်မကို တစ်စုံတစ်ခု ဖော်ပြနေကြောင်း အတွေးဝင်လာသည်။ စင်စစ် “သင့်ကို ငါချစ်ပြီ”ဟူသည့် သတင်းကောင်း ကို လွန်လေသောနှစ်များစွာကပင် သခင်ပြောပြီးသားပါ။…

နေထွက်ချိန်

ယနေ့မနက် နေထွက်ချိန်က အလွန်လှ သော်လည်း ကျွန်တော်အလုပ်များနေ၍ ထိုအလှကို မခံစားနိုင်ဘဲ စိတ်အာရုံ၌ အခြားကိစ္စများက စိုးမိုးနေခဲ့သည်။ နေထွက်ချိန်ကို စဉ်းစားမိလိုက် သည့် တခဏချင်းတွင် ကိုယ်တော်ကို ဝတ်ပြုရန် အခွင့်အရေး လက်လွှတ်ဆုံးရှုံးလိုက်ရကြောင်း ကျွန်တော် သဘောပေါက်သွားသည်။        အလုပ်ရှုတ်လျက် စိတ်ဖိစီးရသောနေ့ရက် များကြားတွင် မိမိ၏အနီးဝန်းကျင်တွင် ကိုယ်တော် ၏ လှပသောဖန်ဆင်းခြင်းများ၊ ကောင်းမြတ်ခြင်း များကို တဖြတ်ဖြတ် မြင်တွေ့နိုင်ပါသည်။ ၎င်းတို့ သည် ကောင်းကင်နိုင်ငံတော်ကို မြင်တွေ့စေသည့် စကြဝဠာကြီး၏ နံရံများဖြစ်ကြောင်း၊ ၎င်းတို့ကို ကျွန်တော်တို့ အချိန်ပေးခံစားပြီး၊ ကျွန်ုပ်တို့အပေါ်ထားရှိသည့် ဘုရားသခင်၏ မေတ္တာတော် ချစ်ခြင်းကို ထင်ဟပ်ဆင်ခြင်မှသာ သဘောပေါက်နားလည်လိမ့်မည်။                 အကယ်၍မောရှေသည် မီးလောင်သော်လည်း မကျွမ်းသွားသည့်ချုံပုတ်ကို တစ်ချက်ကြည့်ပြီး (ထွ ၃း၂) မသိလိုက်ဖာသာ လျစ်လျူရှုကာ အခြားအရာများကိုသာ…

စမ်းရေအိုင်ကြီး

မီချီဂန်ပြည်နယ် အထက် ပင်နီစူလာ ဒေသ၌ ပေ ၄၀နက်ပြီး အကျယ်အဝန်း ပေ ၃၀၀ ခန့်ရှိသည့် သဘာဝရေအိုင်ကြီးရှိသည်။ ရှေးယခင်က အမေရိကန်တိုင်းရင်းသားနွယ်ဖွား များက ၎င်းကို “ကစ်ချီတီကစ်ပီ” ရေအေးအိုင်ကြီး ဟု ခေါ်ဆိုကြသည်။ ယခုတွင်မူ Big Spring  “စမ်းရေအိုင်ကြီး” ဟူ၍ ထင်ရှားသည်။ ၎င်း အိုင်ကြီးသို့ မြေအောက်စမ်းရေမှ တစ်မိနစ်လျှင် ရေဂါလံ တစ်သောင်း ထုတ်ပေးသည်။ ထို့ပြင် ထိုရေများက အပူချိန်ကို ၄၅ ဖာရင်ဟိုက်တွင် တစ်သမတ်တည်း ထိန်းထားသဖြင့် ဆောင်းတွင်း အလွန်အေးချိန်၌ပင် ထိုဒေသတွင် ရေမခဲပါ။ ဧည့်သည်ခရီးသွားများ အနေနှင့် “စမ်းရေအိုင်ကြီး” ၏သဘာဝအလှကို တစ်နှစ်ပတ်လုံး ဘယ်ရာသီမဆို ကြည့်ရှုခံစားနိုင်တော့သည်။
ယာကုပ်၏ ရေတွင်း၌ သခင်ယေရှုသည် အမျိုးသမီးတစ်ဦးနှင့် ဆုံတွေ့ခဲ့ရာ သခင်က အစဉ်ဆာငတ်မှုကိုပြေစေမည့်ရေအကြောင်း မိန့်ကြားခဲ့သည်။ မြစ်ချောင်း၊ အင်းအိုင်များအကြောင်း…

တောနှင်းပင်ကိုဆင်ခြင်ကြည့်ပါ

သဘာဝအလှကို ကျွန်မနှစ်သက် မြတ်နိုးပြီး ဖန်ဆင်းရှင်ကို ချီးမွမ်းတတ်သော်လည်း သဘာဝအလှကို ခံစားလွန်းခြင်းအတွက် အပြစ်ရှိသကဲ့သို့ တစ်လွဲခံစားရသည်။ နောက်မှ ယေရှုက သဘာဝတရားအားဖြင့် သွန်သင်မှုများ ပြုခဲ့ကြောင်း သတိရမိသည်။ စိုးရိမ်ပူပန်မှုမရှိရန် လူ အပေါင်းတို့ကို အားပေးရာ၌ တောနှင်းပန်းလေးဖြင့် ဥပမာပေးသည်။ တောနှင်းပင်ကို ဆင်ခြင်ကြည့်ပါ။ ထိုအပင်တို့သည် အလုပ်မလုပ်၊ ချည်မငင်မဝင့် လည်း ဘုရားသခင်က ၎င်းတို့ကို တင့်တယ်လှပစေ သည်။ ခဏသာတည်သော ပန်းကလေးများကို ဘုရားက ထိုသို့အသရေတင့်တယ်စေသည်ဆိုလျှင် ကျွန်မတို့အတွက် ထိုထက်မက ပို၍ပင် လုပ်ပေး မည်မှာ ဧကန်ဖြစ်သည် (မ ၆း၂၈-၃၄)။
ဖန်ဆင်းခြင်းအရာများအားဖြင့် ဘုရားသခင်သည်   သူ့ကိုယ်သူဖော်ပြကြောင်း အခြားကျမ်းပိုဒ်၌် တွေ့ရသည်။ “မိုးကောင်းကင်သည် ဘုရားသခင်၏ဘုန်းအသရေတော် ကို ကြားပြော၍ မိုးမျက်နှာကြက်သည် လက်တော်နှင့်လုပ်သောအရာများကို ပြသ၏။ တစ်နေ့ကို တစ်နေ့မြွက်ဆို၍ တစ်ညကိုတစ်ည သွန်သင်၏” (ဆာ…

ချစ်ခြင်း

ခေါင်းဆောင်မှုအကြောင်းစာအုပ်များက  ရောင်းကောင်းသည့်စာရင်း၌ များသောအားဖြင့် ပါဝင်တတ်ပြီး ထက်မြက်ထူးချွန်ထိရောက်သော ခေါင်းဆောင်ဖြစ်စေမည့် နည်းလမ်းများကို ဖော်ပြ ထားသည်။ သို့သော် ဆရာ ဟန်ရီ နော်ဝင် ရေးသည့် In the Name of Jesus: Reflections on Christian Leadership စာအုပ်တွင်မူ ခရစ်ယာန် ခေါင်းဆောင်မှုအကြောင်းကို အခြားသောအမြင် ရှုထောင့်မှ ရေးသားထားသည်။ သူသည် မသန်စွမ်း သူများကို နှစ်ပေါင်းများစွာ အစေခံပြုစုသည့် တက္ကသိုလ်ပါမောက္ခ ဆရာဟောင်းတစ်ဦးဖြစ် သည်။ သူက “လူဘယ်နှစ်ယောက်က သင့်ကို အရေးတယူ အလေးထားလဲ၊ သင်ဘယ်လောက် ပြီးမြောက်စွမ်းဆောင်နိုင်မလဲ၊ ရလဒ်တစ်ချို့ကို ပြနိုင်မလား၊ ဒါတွေက အဓိကမေးရမယ့် မေးခွန်း တွေ မဟုတ်ပါဘူး၊ ‘သခင်ယေရှုကို ချစ်လား’ ဆိုတဲ့ မေးခွန်းသာ အဓိကကျတယ်။ ... အထီးကျန်ပြီး စိတ်ပျက်အားလျော့နေတဲ့လောကကမ္ဘာမှာ လူတွေအတွက်…

“လှဲချလိုက်”

ကျွန်မ၏ ရွှေဝါရောင်အမဲလိုက် ခွေးကြီးသည် စိတ်လှုပ်ရှားမှုလွန်ကဲခြင်းကြောင့် အကြောဆိုင်းလေဖြတ်သကဲ့သို့ ဖြစ်ဖြစ်သွားသည်။ ထိုသို့မဖြစ်အောင် ကာကွယ်ရန် ၎င်းကို စိတ်ငြိမ် အောင်ချော့ရသည်။ တုတ်နှင့်အသာရိုက်၊ အသံ ပျော့ပျော့ပြောပြီး လဲလျောင်းဝပ်ချခိုင်းရသည်။ သို့သော် ‘ဝပ်ချ’ဟု ကြားလိုက်သည်နှင့် ၎င်းက မျက်လုံးချင်း မဆုံမိအောင်ရှောင်သည်။ တအီအီ နှင့် စောဒကတတ်သည်။ သို့ငြားလည်း နောက်ဆုံး တွင် ကြိတ်မှတ်ကာ အလျှော့ပေးပြီး ကြမ်းပြင်ပေါ် လှဲချလိုက်တော့သည်။
တစ်ခါတစ်ရံ ကျွန်မတို့လည်း လှဲချရန် သတိပေးမှုမျိုးကို လိုအပ်တတ်သည်။ ဆာလံ ၂၃ တွင် ကျွန်မတို့၏ သိုးထိန်းကြီးသည် ကျွန်မတို့ကို “စိမ်းလန်းသောကျက်စားရာအရပ်၌ လဲလျောင်းအိပ်စေပြီး သာယာသော မြစ်နားသို့ လမ်းပြခဲ့သည်။ မိမိကိုယ်၌က သဘောမပေါက်သည့်တိုင် ကျွန်မတို့သည် ငြိမ်ဝပ်တိတ်ဆိတ်စွာ အနားယူရန်လိုအပ်ကြောင်း ကိုယ်တော်သိသည်။
ကျွန်မတို့၏ ခန္ဓာဖွဲ့စည်းပုံအရ ပုံမှန်အနားယူရန် လိုအပ်သည်။ ကိုယ်တော်ပင် လျှင် ဖန်ဆင်းခြင်းအမှုများပြီးစီးသောအခါ…

လူမဲ့ခံတပ်ဗျူဟာ

Romance of the Three Kingdoms တရုတ်ရာဇဝင်ဝတ္ထုတွင် စာရေးဆရာ Luo Guanzhong က ရန်သူကို လှည့်စားရန် စိတ်ဓာတ်စစ်ဆင်ရေးအဖြစ် “လူမဲ့ခံတပ်ဗျူဟာ” အကြောင်းကို သရုပ်ဖော် ရေးသားခဲ့သည်။ Wei နိုင်ငံတော်မှ စစ်သည် တစ်သိန်းခွဲသည် စစ်သည် ၂၅၀၀ သာရှိသည့် Xicheng သို့ ရောက်လာရာ၊ မြို့တံခါးကြီးက ပွင့်လျက်သားတွေ့ရပြီး နံမည်ကျော် စစ်ရေးကျွမ်းကျင်သူ ဗျူဟာမှူး Zhuge Liang က ကလေးနှစ်ဦးနှင့်အတူ အေးအေးလူလူ ဒုံမင်းတီးခတ်နေသည်။ Wei စစ်ဗိုလ်ချုပ်က ခေါင်းခြောက်သွားပြီး ချုံခိုတိုက်ခိုက်ခံရသည်ဟု ယူဆကာ သူ့ တပ်ကို လုံးဝဆုတ်ခွာရန် အမိန့်ပေးလိုက်သည်။
ကျမ်းစာ၌လည်း ဦးနှောက်စားရသည့် စစ်ပွဲနည်းဗျူဟာတစ်ခုကို ဖော်ပြထား သည်။ (သူကြီး ၇)တွင် ဘုရားသခင်၌ ဂိဒေါင်နှင့် လူ ၃၀၀၊ တံပိုးခရာ၊ မြေအိုး၊…